BNI Online

Saturday, Feb 25th

Last update03:58:02 PM GMT

ENGLISH VERSION | Myanmar Peace Monitor
You are here သတင်း သန်းခေါင်စာရင်း သတင်း

သန်းခေါင်စာရင်း သတင်း

မြစ်ကြီးနား၌ ပြင်းအား အဆင့် ၆ နီးပါးရှိ ငလျင် လှုပ်သော်လည်း အပျက်အစီး မရှိ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ မေလ ၃ဝ ရက် နံနက်တွင် ပြင်းအား ရက်စ်ချက်တာစကေး ၅.၉ ရှိသည့် ငလျင် လှုပ်ခတ်ခဲ့သော်လည်း အပျက်အစီး မရှိဟု မြစ်ကြီးနား ဒေသခံများ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် ကချင်ပြည် နယ် ရဲစခန်းတို့က မဇ္ဈိမကို အတည်ပြု ပြောသည်။

အပြည့်အစုံသို့ ...

CNACC မှ သန်းခေါင်စာရင်း သုံးသပ်ချက် ထုတ်ပြန်မည်

မကြာသေးခင်က ကောက်ယူပြီးစီးခဲ့သော လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၁၄ ချင်းအမျိုးသားဆိုင်ရာ အထောက်အကူပြု ကော်မတီ CNACC အနေဖြင့် စာရင်းကောက်ယူမှုအပေါ် သုံးသပ်ချက်များကို လာမည့်မေလ ၄ရက်နေ့တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းကော်မတီမှ သိရသည်။

အပြည့်အစုံသို့ ...

ကချင်ပြည်နယ်တွင် သန်းခေါင်စာရင်းကောက်ခံခြင်းကို ၈ ပတ် ထပ်တိုး

ကချင်ပြည်နယ်တွင် သန်းခေါင်စာရင်းကောက်ရန် ကျန်သည့် ဒေသများတွင် ထပ်မံကောက်နိုင်ရန် ဗဟိုသန်းခေါင်စာရင်းကော်မတီမှ ၈ ပတ်တိုးကာ ကောက်ယူသွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ သိရသည်။

အပြည့်အစုံသို့ ...

လော်ဝေါ်စာပေနှင့် ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီက ပြည်နယ် သန်းခေါင်စာရင်းကောက်ခံရေး ကော်မတီသို့ စာတင်

လော်ဝေါ်စာပေနှင့် ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီမှ ပြည်နယ် သန်းခေါင်စာရင်းကောက်ခံရေး ကော်မတီထံ မတ် ၃၀ ရက်နေ့ ဝိုင်းမော်မြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ခံရာ၌ လူမျိုး မေးခွန်းထည့်သွင်းမှု မှားယွင်းနေကြောင်း သတင်းပေးပို့သည့် အနေဖြင့် ဧပြီ လဆန်းတွင် စာတင်ထားကြောင်း သိရသည်။

အပြည့်အစုံသို့ ...

ကရင်ပြည်နယ်တွင်း လက်ရှိနေထိုင်သူများကိုသာ သန်းခေါင်စာရင်းပြုစု

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်းစာရင်းကောက်ယူရာ ကရင်ပြည်နယ်အတွင်း နေထိုင်သည့် လူဦးရေကို သာ စာရင်းပြုစုပေးရသေးသည်ဟု စာရင်းကောက်သည့် ဆရာမများထံမှ သိရသည်။

အပြည့်အစုံသို့ ...

သန်းခေါင်စာရင်းကောက်ယူမှု သတ်မှတ်သည့် ရက်ထက် စောစွာပြီးစီး

ကရင်ပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူမှုသည် လက်ရှိ သတ်မှတ်ထားသည့်ရက် ထက် စောစွာ အခက်ခဲများကြား ကောက်ယူပြီးစီးသွားခဲ့ကြောင်း ပြည်နယ် လ၀က တာဝန်ရှိသူများနှင့် စာရင်းကောက်ကျောင်း ဆရာ၊ဆရာမများ ကပြောဆိုသည်။

အပြည့်အစုံသို့ ...

KNU နှင့် အစိုးရ ရောနှောအုပ်ချုပ်သည့်ရွာများသာ သန်းခေါင်စာရင်းအပြည့်ကောက်နိုင်

အစိုးရကောက်ခံနေသည့် သန်းခေါင်စာရင်းကို ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) တပ်မဟာ (၂) နယ်မြေ၊ တောင်ငူခရိုင်တွင် အစိုးရနှင့် ကေအဲန်ယူတို့ နှစ်ဖက်ရောနှော အုပ်ချုပ်သည့် နယ်မြေတွင်သာ သန်းခေါင်စာရင်း အပြည့်အ၀ကောက်ယူနိုင်ခဲ့ကြောင်းသိရသည်။

အပြည့်အစုံသို့ ...

ကလေးမြို့တွင် ဇိုမီး ချင်းတိုင်းရင်းသားမျိုးနွယ်စုများမှ ဇိုမီးဟုထည့်သွင်းခွင့်မရ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် နေထိုင်ကြသည့် ဇိုမီးချင်းတိုင်းရင်းသားမျိုးနွယ်စုများအနေဖြင့် သန်းခေါင်စာရင်းတွင် လူမျိုးအမည် ကုဒ်နံပါတ် ၄၂၄ တီးတိန် (ဇိုမီး) ဟုထည့်သွင်းခွင့်မရရှိခဲ့ကြကြောင်း ကလေးမြို့ဒေသခံများမှ သိရသည်။

အပြည့်အစုံသို့ ...

မွန်ပြည်နယ်တွင် သန်းခေါင်စာရင်းကောက်ယူမှု ၈၀ ရာခိုင်နှုန်းပြီးစီး

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို မတ်လ (၃၀) ရက်မှစ၍ ဧပြီလ (၄) ရက်နေ့ထိ ၆ ရက်တာ ကာလအတွင်း မွန်ပြည်နယ်တွင် ၈၀ ရာခိုင်နှုန်းနီးပါးခန့် ကောက်ယူ ပြီးစီးခဲ့ကြောင်း သိရသည်။

အပြည့်အစုံသို့ ...

မွန်ပြည်နယ်နေအိမ်တစ်ချို့တွင် သန်းခေါင်စာရင်းကောက်ယူခြင်းမရှိ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ ပငကျေးရွာ နေအိမ်တစ်ချို့တွင်၊ သန်းခေါင်စာရင်းကောက်ယူခဲ့ခြင်းမရှိဟု သန်းခေါင်စာရင်းကောက်ယူမှု လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ သိရသည်။

အပြည့်အစုံသို့ ...

သန်းခေါင်စာရင်းကောက်များ လူမျိုးသင်္ကေတ ကုဒ်နံပါတ် နားလည်မှုအားနည်း

ချင်းပြည်နယ်တွင်း၂၀၁၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရာတွင် လူမျိုးနှင့် လူမျိုးနွယ်စု အကြောင်းအရာများကို စာရင်းကောက်ဆရာ၊ ဆရာမများက ကိုယ်တိုင်နားမည်သော ကြောင့် ပြန်လည်ရှင်းပြန်ရကြောင်း သိရသည်။

အပြည့်အစုံသို့ ...

Page 1 of 11

Myanmar Newsမြန်မာ့သတင်း