BNI Online

Wednesday, Mar 22nd

Last update03:58:02 PM GMT

ENGLISH VERSION | Myanmar Peace Monitor
You are here အင်တာဗျူး

အင်တာဗျူး

ကမ္ဘာကြီးထဲကို ရောက်လာတဲ့ အခိုက်အတန့်

ကျနော် ၂၀၀၀ခုနှစ်လောက်မှာ ပထမဆုံး အယ်လ်ဘမ်တစ်ခု စလုပ်တယ်ပေါ့နော်။ ကျနော်တကယ်လိုချင်တဲ့ ခေါင်းစဉ်နဲ့ စလုပ်ခဲ့တယ်။ Reggae သီချင်းတွေချည်းပဲ။ အဲဒီထဲမှာ အဓိကတော့ ဂျမေကာနိုင်ငံက Bob Marley ဆိုတဲ့လူကို ပေါ့နော်။ ငြိမ်းချမ်းရေးအဆိုတော်တစ်ယောက်ရဲ့ သီချင်းတွေ တော်တော်များများလေး copy ပြန်လုပ်ပြီးတော့ ပြန်ဆိုထားတာ ပေါ့နော်။ အဲဒီသီချင်းနဲ့ပေါ့နော်။ အဲဒါ ကျနော်ရဲ့အစပေါ့။

အပြည့်အစုံသို့ ...

ကရင်အနုပညာရှင် စောထီ့လမောက်နှင့် ကေအိုင်စီ တွေ့ဆုံမေးမြန်းခြင်း

ကျနော့်နာမည် ထီ့လမောက်(ထီ့လ်ုမုက်)ပါ။ နာမည်အရင်းက စောတင်စိုးဝင်း။ ဇာတိက ခလယ်တံခွန်တိုင်ရွာ၊ ကြာအင်းဆိပ်ကြီးမြို့နယ်ပေါ့။ မောင်နှမလေးယောက်မှာ ကျနော်က သုံးယောက်မြောက်ပေါ့။ မိဘတွေ အသက်မွေးဝမ်းကျောင်း က ကျဘမ်းပေါ့။ အဖေကတော့ ကျနော် ငယ်ငယ်တုန်းက ဆုံးသွားပါတယ်။ အဖေဆုံးပြီးတော့ ကျနော် မော်လမြိုင်မြို့ အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်းမှာ ၈တန်းအထိ ကျောင်းတက်ပြီးတော့ ရွာမှာတစ်နှစ် ပြန်နေပါတယ်။ ပြီးတော့ ကျနော် ဘန်ကောက်သွားပါတယ်။

အပြည့်အစုံသို့ ...

ကရင်ပြည်နယ်၊ သံလွင်မြစ်အတွင်း တည်ဆောက်မည့် ရေကာတာစီမံကိန်းနှင့် ပတ်သက်ပြီး ကရင်မြစ်ချောင်း များ စောင့်ကြည့်ရေးအဖွဲ့မှ မြစ်ချောင်းသုတေသန တာဝန်ခံ စောသာဘိုးနှင့် တွေ့ဆုံမေးမြန်းခြင်း

ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့ (Karen Rivers Watch)ဟာ ကရင်လူမှုအဖွဲ့အစည်း ၆ဖွဲ့မှ စုပေါင်းပြီး လွန်ခဲ့တဲ့ ၁၀နှစ်လောက်က စတင်ဖွဲ့စည်းထားတာဖြစ်တယ်။ ဖွဲ့စည်းရခြင်းရဲ့ အဓိကရည်ရွယ် ချက်ကတော့ သံလွင်မြစ်ပေါ်မှာ ရေကာတာ တည်ဆောက်ခြင်းအားဖြင့် ဒေသခံတွေ နစ်နာနိုင်တဲ့အတွက် သံလွင်မြစ်နှင့် ပတ်သက်ပြီး သုတေသနလုပ်ကာ ဒေသခံတွေကို လိုက်လံရှင်းလင်းပညာပေးရန်တို့ဖြစ်ပါတယ်။

အပြည့်အစုံသို့ ...

တပ်သားသစ်စုဆောင်းရေးနဲ့ပတ်သက်ပြီး ဒုဗိုလ်ချုပ်ကြီးယွက်စစ်ရဲ့ ရှင်းလင်းချက်

သျှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်မှာ သျှမ်းပြည်သူလူထုက သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ၊သျှမ်းပြည်တပ်မတော် (RCSS/SSA)ရဲ့  တပ်သားသစ် ကောက်ယူစုဆောင်းမှု ခံနေရတယ်လို့ ပြောဆိုနေပါတယ်။ တပ်သား မပေးနိုင်တဲ့ လူတွေအဖို့ ငွေကြေး မြောက်အများပေးပြီး လူငှားပေးရတယ်လို့ ပြောဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး RCSS/SSA ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ယွက်စစ်ကို သျှမ်းသံတော်ဆင့်မှ အယ်ဒီတာ စိုင်းဆိုင်ယက  သီးသန့် တွေ့ဆုံမေးမြန်းထားတာကို ကောက်နှုတ် တင်ပြပေးလိုက်ပါတယ်။

အပြည့်အစုံသို့ ...

ကိုးကန့်တိုက်ပွဲနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ်နှင့် တွေ့ဆုံမေးမြန်းခန်း

ရှမ်းပြည်နယ် ကိုးကန့်ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေမှာ ကိုးကန့်တပ်ဖွဲ့နဲ့အတူ ရက္ခိုင်တပ်မတော် ( Arakan Army) ပါဝင်နေတယ်။ ရခိုင်ဒေသမှာ ဖြစ်ပွားတဲ့ စစ်ပွဲမဟုတ်ဘဲ ကိုးကန့်ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ ဘာကြောင့် ပါဝင်နေရပါသလဲ ဆိုတာကို ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်ကို မေးမြန်းပြီး တင်ပြ ပေးလိုက်ပါတယ်။

အပြည့်အစုံသို့ ...

ကရင်တီးဝိုင်း Growth Music Band အဖွဲ့ခေါင်းဆောင် စောဂျွန်အယ်ခူ့နှင့် ကေအိုင်စီ တွေ့ဆုံမေးမြန်းခြင်း

ကျနော်တို့ တီးဝိုင်းနာမည် အပြည့်အစုံကတော့ Growth Music Band ဖြစ်ပါတယ်။ ကျနော့်နာမည်ကတော့ စောဂျွန်အယ်ခူ့ ဖြစ်ပါတယ်။ Growth Music Band ကို ကျနော်ကပဲ တည်ထောင်ထားတာဖြစ်တဲ့ အတွက် တီးဝိုင်းခေါင်းဆောင်ရော မန်နေဂျာ ရော ကျနော်ကိုယ်တိုင်ပါပဲ။ နောက်ပြီး ဒီ Band မှာလည်း ကျနော်ကိုယ်တိုင် Lead Guitarကို ပါဝင်တီးခတ်ပါတယ်။

အပြည့်အစုံသို့ ...

ပြည်ထောင်စုနေ့တွင် "ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်"အား လက်မှတ်ထိုးမှုအပေါ်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(ကေအဲန်အယ်လ်အေ) စစ်ဦးစီးမှူး ပထမတန်း(G-1) ဒုဗိုလ်မှူးကြီးစောလှငွေနှင့် တွေ့ဆုံမေးမြန်းခြင်း

ယခုနှစ်၊ ဖေဖော်ဝါရီ ၁၂ရက်နေ့က အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၄)ဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(ဒီကေဘီအေ)၊ KNU/KNLA-PC နဲ့ ရှမ်း(သျှမ်း)ပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS)တို့က "ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်"ကို နေပြည်တော်မှာ လက်မှတ်ထိုးခဲ့ပါတယ်။

အပြည့်အစုံသို့ ...

အင်န်အယ်လ်ဒီနှင့် ကျောင်းသားထုကြား ထုတ်ပြန်ချက်များအပေါ် အမြင်များ

အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေး ကျောင်းသားထု၊ အစိုးရ၊ လွှတ်တော်နှင့် ပညာရေးဌာနအကြား ထိပ်တိုက်တွေ့ဆုံဆွေးနွေးရေး ပြုလုပ်နေစဉ် အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ် (NLD) က ဗဟိုအလုပ်အမှု ဆောင်ဖြစ်သူ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) ဥက္ကဋ္ဌ ဒေါက်တာ သိန်းလွင်အပေါ် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးတွင် ဦးဆောင်ပါဝင်ခဲ့သဖြင့် အဖွဲ့ချုပ်သဘောထား ကြိုတင်အသိမပေးသည့်အတွက် ပါတီစည်းကမ်းများနှင့်အညီ ဆောင်ရွက်မည်ဟု NLD က ဖေဖော်ဝါရီ ၂ ရက်က ထုတ်ပြန်ခဲ့သည်။

အပြည့်အစုံသို့ ...

“နယ်ပယ်စုံမှာ အမျိုးသမီးတိုင်း ခေါင်းဆောင်လုပ်နိုင်တယ်ဆိုတဲ့ စိတ်ထားဖို့လိုသလို အမျိုးသမီးတွေအနေနဲ့လည်း ကြိုးစားကြပါ” လို့ပြောတဲ့ ပထမဆုံး ကရင်အမျိုးသမီးလေယာဉ်မှူး

ပထမဆုံး ကရင်အမျိုးသမီးလေယာဉ်မှူး နော်ခူးခူဖောအား ကရင်သတင်းဌာန(ကေအိုင်စီ)က ဆက်သွယ်မေးမြန်းခြင်းဖြစ်သည်။

အပြည့်အစုံသို့ ...

“၀န်ကြီးချုပ်က ညွှန်ကြားထားပေမယ့် အောက်ခြေက ဝန်ထမ်းတွေက လုပ်ချင်မှလုပ်တယ်”

သျှမ်းပြည်နယ် လွှတ်တော်တွင် အဆိုတင်သွင်းခြင်း၊ မေးခွန်းများ မေးမြန်းတဲ့အခါ တွေ့ကြုံရတဲ့ လွှတ်တော်တွင်း အတွေးအကြုံးတွေနဲ့ ပတ်သက်ပြီး သျှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ် ပါတီ (ကျားဖြူပါတီ) ရဲ့ ပြည်နယ် လွှတ်တော် အမတ်တွေ ဖြစ်ကြတဲ့ မူဆယ်မဲဆန္ဒနယ် အမှတ်(၁) မှ ဒေါ်နန်းငွေငွေ ၊ မိုင်းယောင်း မဲဆန္ဒနယ် အမှတ်(၂)မှ ဒေါ်နန်းမြမြလွင်နဲ့ သီပေါမဲဆန္ဒနယ် အမှတ်(၂) မှ ဦးစိုင်းစိန်ဝင်း တို့ကို သျှမ်းသံတော်ဆင့်က တွေ့ဆုံ မေးမြန်းထားပါတယ်။

အပြည့်အစုံသို့ ...

စည်ပင်ရွေးကောက်ပွဲအပေါ် မျှော်လင့်ချက်နှင့် ဖြေရှင်းရမည့် ရန်ကုန်ပြဿနာ

 လာမည့် ဒီဇင်ဘာ ၂၇ ရက်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ပြည်သူ့ကိုယ်စားပြု ကိုယ်စားလှယ် များ ရွေးကောက်ပွဲကို ကျင်းပတော့မည် ဖြစ်သည်။ ထိုရွေးကောက်ပွဲကို နှစ်ပေါင်း ၆၀ ကြာမှ ပြန်လည်ကျင်းပ နိုင်ခဲ့ခြင်းဖြစ်သည်။ အရပ်သားအစိုးရ အပြောင်းအလဲဖြစ်ပြီး ပထမဦးဆုံးအကြိမ် ကျင်းပမည့် မြို့တော်စည်ပင် ရွေးကောက်ပွဲမတိုင်မီ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများမှာ ဝေဖန်မှုများနှင့် ကြုံနေရသည်။

အပြည့်အစုံသို့ ...

Page 1 of 26

Myanmar Newsမြန်မာ့သတင်း