BNI Online

Saturday, Feb 25th

Last update03:58:02 PM GMT

ENGLISH VERSION | Myanmar Peace Monitor
You are here အယ်ဒီတာ့အာဘော်

အယ်ဒီတာ့အာဘော်

ကရင်လူမှုအဖွဲ့အစည်းများ စုစည်းအားကောင်းဖို့ လိုပြီ

နိုင်ငံတစ်နိုင်ငံ တိုးတက်ဖြစ်ထွန်းမှုသည် နိုင်ငံတွင်း နေထိုင်ကြသော နိုင်ငံသူနိုင်ငံသားများအပေါ် များစွာ တည်မှီနေသလို ထို နိုင်ငံသားပြည်သူများအတွက် အားကိုးအားထားလောက်သည့် အစိုးရတစ်ရပ် ပေါ်ပေါက်ရေးသည်လည်း အရေးကြီးဆုံး ဖြစ် နေပေသည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားအားလုံး လိုလားသော စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာ၌ လူမျိုးစုံ၊ နယ်ပယ်စုံ လူမှုအဖွဲ့အစည်းများ အားကောင်းလာရေးသည်လည်း အခြေခံအချက်ဖြစ်သည်ကို မျက်မှောက်ခေတ် ဒီမို ကရေစီ အထိုင်ကျနေပြီးဖြစ်သည့် ကမ္ဘာ့နိုင်ငံများ၏ အနေအထားကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်မည်ဖြစ်သည်။

အပြည့်အစုံသို့ ...

စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ မီဒီယာလောက ပေါ်ထွန်းစေလို

အောက်တိုဘာလ ၂၃ရက်ညတွင် မိတ်ဆွေသတင်းထောက်တစ်ဦးက အလွတ်တန်းသတင်းထောက် ကိုပါကြီး ဆုံးသွားပြီဟူ သောသတင်းစကားကြောင့် ထိုဖြစ်ရပ်အတွက် အခြေခံအရင်းအမြစ်ကို သိလိုစိတ်ပြင်းပြလာ သလို ထိုကိစ္စကို လူအများက လည်း သိချင်စိတ်ရှိမည်ဟုလည်း ယုံကြည်လိုက်မိသည်။ ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်သည် အလွတ်သတင်းထောက်ဖြစ် ကြောင်း သက်သေခံပြောဆိုသူ များစွာရှိသကဲ့သို့ မြန်မာ အစိုးရ၏ တပ်မတော်က ထုတ်ပြန်ချက်အရ ကိုပါကြီးမှာ KKO အဖွဲ့၏ ဗိုလ်ကြီးအဆင့်ရှိသူမှာ မဟုတ်မှန်ကြောင်းကိုလည်း သက်ဆိုင်ရာ KKO အပါအ၀င် ဆက်စပ်သည့် DKBA အဖွဲ့ဝင်များကလည်း ပြော ဆိုထားပြီးဖြစ်သည်။

အပြည့်အစုံသို့ ...

ကိုပါကြီးနှင့် အရှက်ဟက်တက်ကွဲ အာဆီယံ ဥက္ကဋ္ဌ

၂၀၁၄ အာဆီယံ ဥက္ကဋ္ဌ မြန်မာအတွက် အရှက်ဟက်တက် ကွဲခဲ့လေပြီ။ အာဆီယံ ထိပ်သီးစည်းဝေးပွဲနှင့် ကမ္ဘာ့ခေါင်းဆောင်များ လာရောက်ကြမည့် ထိပ်သီးစည်းဝေးပွဲများက တစ်လပင် မလိုတော့သည့်အချိန်တွင် ရန်ကုန်မြို့လယ်ခေါင်၌ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လိုလားသူများက အစိုးရကို မနေ့က ဆန္ဒပြကြသည်၊ နိုင်ငံသားတစ်ဦး၏ ရပိုင်ခွင့် အခွင့်အရေးပေးရန် တောင်းဆိုသည်။ တာဝန်သိသည့် တာဝန်ရှိသည့် အစိုးရတစ်ရပ်အတွက် အရှက်မဲ့စေခဲ့ပြီ၊ မပေးသဖြင့် မရသာဖြင့်သာ တောင်းဆိုရသည် မဟုတ်ပါလော။

အပြည့်အစုံသို့ ...

ဘာသာရေးသည်ကောင်း၏ အစွန်းရောက်ဘာသာရေးသည် မကောင်း

အတ္တဗဟိုပြုသူတို့က ဘာသာရေးကိုမယုံကြည်ဘဲ ဘာသာရေးကို အသုံးချဖို့သာသုံးသည်။ ဘာသာအယူ ၀ါဒဆိုသည်မှာ မိရိုးဖလာကြောင့်လည်း သက်ဝင်ယုံကြည်ကြသည်၊ မိမိဘာသာ လေ့လာပြီးမှလည်း အကျိုးရှိမည်ဟု မှတ်ထင်သဖြင့် သက်ဝင်ယုံကြည်ခြင်းလည်းရှိသည်။ ဘာသာတရားတိုင်းတွင် အားသာချက်၊ အားနည်းချက်များ ရှိသည်ချည်းသာဖြစ်သည်။ ကောင်းကျိုးများ၍သာ သိပ္ပံပညာရှင်ကအစ၊ ကျော်ကြားထင် ရှားသူများ အလယ်၊ လူသာမန်များအဆုံး လူအများစုက ဘာသာတရားတစ်ခုခုကို သက်ဝင်ယုံကြည်ကြ ခြင်းဖြစ်သည်။

အပြည့်အစုံသို့ ...

လွှတ်တော်အမတ်တွေ ဘာလုပ်နေသလဲ

ပြီးခဲ့သည့် သီတင်းပတ်အတွင်း မြန်မာပြည်အောက်ပိုင်း မွန်ပြည်နယ်မှသည် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး လူထောင်ပေါင်းများစွာ ရေဘေးဒုက္ခကြုံခဲ့ကြရပြီး လယ်ဧကပေါင်း နှစ်သိန်းကျော် ရေလွှမ်းမိုးခံခဲ့ရသည်ဟု သတင်းမီဒီယာများတွင် ဖော်ပြပါရှိသည်။

အပြည့်အစုံသို့ ...

ရှစ်လေးလုံး အရေးတော်ပုံ၏ အသီးအပွင့်များ

၁၉၈၈ခု သြဂုတ်လ၊ ၈ ရက်တွင် မိမိတို့တိုင်းပြည်၌ ပြည်သူတို့၏ ဒီမိုကရေစီ တောင်းဆို အုံကြွမှုကြီး ဖြစ်ပွားခဲ့သည်။ ရှစ်လေးလုံး အရေးတော်ပုံကြီးအဖြစ် ကမ္ဘာကျော်ခဲ့သည်။ သည်ကနေ့သည်ကား ယင်းရှစ်လေးလုံးအရေးတော်ပုံကြီး ၂၆ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သည်။ ပြည်သူတို့သည် ရှစ်လေးလုံး အရေးတော်ပုံ အောက်မေ့ဖွယ်အခမ်းအနားများကို နိုင်ငံအနှံ့ပြုလုပ်ကြလိမ့်မည်ဖြစ်သည်။

အပြည့်အစုံသို့ ...

အချိန်နဲ့ ဒီရေဟာ လူကိုမစောင့် သို့သော်…

ပစ္စုပ္ပန်ကာလ မြန်မာ့နိုင်ငံရေး ရေချိန်သည် ရှေ့နောက် ၀န်မမျှ၍ ထမ်းပိုး မငြိမ်သည်ကို ထိန်းကာသွားနေရ သည့် ရေထမ်းသမား နှင့် တူနေသည်။ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် လက်ရှိ မြန်မာအစိုးရတို့ အပစ်အခတ်ရပ်စဲရေး လုပ်လာခဲ့သည့် ၂နှစ်ခွဲကာလအတွင်း အလွတ်သဘော တွေ့ဆုံမှုအကြိမ် နှစ်ရာကျော်၊ တရားဝင် တွေ့ဆုံ မှုအကြိမ် ခုနှစ်ဆယ်ကျော်အပြင် လူထုအခြေပြုအဖွဲ့များနှင့် အကြိမ်တစ်ရာကျော် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဌ ၀န်ကြီးဦးအောင်မင်းက ပြည်ထောင်စုလွှတ်တော်၌ တင်ပြရှင်းလင်းသွား ခဲ့သည်။

အပြည့်အစုံသို့ ...

စကားလုံးများဖြင့်ေ၀၀ါးမနေသင့်တော့သည့် ငြိမ်းချမ်းရေး

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်များက အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ညှိနှိုင်းရန် ခက်ခဲသည့် အချက်များနှင့် အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းတွင် ပါရှိမည့် စကားလုံးများ၊ အသုံးအနှုန်းများကို ဆုံးဖြတ်ချက်ပေးရန် ကော်မတီတစ်ရပ်ကို တရုတ်-မြန်မာနယ်စပ် လိုင်ဇာတွင် ဇူလိုင်လ ၂၃ ရက်တွင် ဖွဲ့စည်းရန် ပြင်ဆင်နေသည်။

အပြည့်အစုံသို့ ...

အိမ်ကို ဘယ်တော့ပြန်ရမလဲ

ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်က ကရင်ပြည်နယ် မြ၀တီတစ်ဖက်ကမ်း ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့မှာ ထိုင်းပြည်တွင်း လုံခြုံရေးဌာနက ကမကထလုပ်ပြီး မြန်မာဒုက္ခသည်တွေအရေး ဆွေးနွေးပွဲတစ်ခု လုပ်ပါတယ်။

Last Updated on သောကြာနေ့၊ ဇွန်လ 20 ရက် 2014 ခုနှစ် အပြည့်အစုံသို့ ...

ပြည်ပရောက် မြန်မာများကို အကူအညီပေးပါ

နိုင်ငံတကာတွင် ရောက်ရှိနေသည့် မြန်မာများက မိမိတို့အခက်ခဲ ကြုံရသည့်အခါ သက်ဆိုင်ရာမြန်မာသံရုံးများ ၏ အကူအညီပေးနိုင်မှုအပေါ် ညည်းတွားမှုများ မကြာခဏ ကြားရလေ့ရှိသည်။ နိုင်ငံကူးလက်မှတ် သက်တမ်း တိုးလိုမှုအပါအ၀င် အခြားသိလိုသည့် မေးခွန်းများကို ဖုန်းဆက်မေးမြန်းခြင်းတို့အတွက် မြန်မာသံရုံး အရာရှိများ၏ ဖြေကြားမှု၊ ဆက်ဆံမှုများအတွက် အားမလိုအားမရ ဖြစ်မှုများ၊ ဝေဖန်မှုများ၊မကျေမနပ်ဖြစ်မှု များ ထွက်ပေါ်လာတတ်သည်။

အပြည့်အစုံသို့ ...

Page 1 of 5

Myanmar Newsမြန်မာ့သတင်း